"ဤဝ တ္ထုတို များ ကို ဖတ် မည် ဆိုပါက ' ဒါမျိုး တွေမရှိဘူး' ဟူသောအမြင်ဖြင့် မဖတ်စေလိုပါ။ ကမ္ဘာပေါ်ရှိမည်သည့်လူ့အဖွဲ့အစည်းတွင် မဆို ဒါမျိုတွေရှိနေသည်။ ဖြစ်နေသည်။ နောင်ကိုလည်းဒါမျိုးတွေရှိနေလိမ့်မည်၊ ဖြစ်နေလိမ့်မည် ဟူသော ရင့်ကျက်သည့်အမြင်ဖြင့်သာဖတ်ကြစေချင်သည်။ သို့ပါမှလည်းမိမိတို့မွေးဖွားရာ၊မိမိတို့နေထိုင်ရာလူအဖွဲ့အစည်းအတွင်းမှ လူတို၏လူမှုရေး အခြေအနေအမှန်များကိုသိရှိနားလည်ကာ မှန်မှန်ကန်ကန်ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်ပါသည်။"